Sunday 2 May 2010

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဖွဲ့စည်းပုံ

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဖွဲ့စည်းပုံ



ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ တံဆိပ်/ အလံ/ ဆောင်ပုဒ်

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ တံဆိပ်




ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ တံဆိပ်သည် အောက်ပါအတိုင်းဖြစ်သည်-

- အစိမ်းခံစတုခံ (အလျား ၂လက်မ၊ အနံ ၃လက်မ) တွင် အနီခံဒိုင်းပါရှိပြီး ဒိုင်း၏ ဘေးပတ်လည်၌ ရွှေဝါရောင် သပြေရွက်များ ပါရှိသည်။

- ဒိုင်းအတွင်း၌ ခြင်္သေ့ထိုင်နေပုံကို မြန်မာ့ရိုးရာကောက်ကြောင်းဖြင့် ရေးထိုးထားပါသည်။

- ဒိုင်းပုံ၏ ထိပ်တည့်တည့်တွင် အဖြူရောင် ကြယ်တစ်လုံးပါရှိသည်။

- ဒိုင်းပုံ၏အောက်ဘက် အစိမ်းရောင်ထဲတွင် အသင်း၏ ဆောင်ပုဒ်ဖြစ်သော (စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး) ကို အဖြူရောင်ဖြင့် ရေးသားထားပါသည်။


ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၏ အလံ



ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ အလံသည် အောက်ပါအတိုင်းဖြစ်သည်-

- အလံ၏ အရွယ်အစားမှာ အလျား ၁၀ပေ အနံ ၆ပေရှိသော အစိမ်းရောင်တွင် လက်ဝဲဘက် အပေါ်ထောင့်၌ အနီရောင် အခန်းရှိသည်။ ထိုအခန်း၏ အရွယ်မှာ အလျား ၄ပေ၊ အနံ ၃ပေဖြစ်သည်။


- ထိုအနီရောင်အခန်း၏ အလယ်တည့်တည့်တွင် အမြင့် ၁ပေ၊ ၈လက်မရှိသော ငါးထောင့်ကြယ်ဖြူတစ်လုံးရှိသည်။
အစိမ်းရောင်၏ သဘောမှာ အေးချမ်းသာယာခြင်းဖြစ်သည်။


- အနီရောင်၏ သဘောမှာ ရဲစွမ်းသတ္တိ ရှိခြင်းဖြစ်သည်။


- ကြယ်ဖြူတစ်လုံး၏ သဘောမှာ တစ်လုံးတစ်စည်းတည်းရှိသော ပြည်ထောင်စုနိုင်ငံတော်ဖြစ်ခြင်း၊ ကြယ်တို့၏ ဂုဏ်ထူးဝိသေသဖြစ်သော ကိုယ်ပိုင်အလင်းရှိခြင်း၊ မိမိခရီးလမ်းကို ဖြောင့်တန်းစွာ သွားလေ့ရှိခြင်းတို့ ဖြစ်ပါသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ဆောင်ပုဒ်

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ ဆောင်ပုဒ်သည် အောက်ပါအတိုင်းဖြစ်သည်-

စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး

[ ဟံသာဝတီ သတင်းဌာန အနေဖြင့် ဤ သတင်း ကို ထောက်ခံခြင်း ၊ မထောက်ခံခြင်း ကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခ္ခဏာ ဖြစ်စေ၊ အနုတ် လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင် တစ်ခု ဆောင်နေပါက စာဖတ် ပရိတ် သတ်များ သတိ ပြုမိ စေလို ၍ ဖော်ပြ ပေးခြင်းသာ ဖြစ်ပါသည်။ ]

၁ . ၅ . ၂၀၁၀

Copy from http://www.hanthawaddy.org/