Thursday 10 June 2010

(၁၀.၁၀.၁၀) မြန်မာပြည် တရားဝင် စစ်ကျွန်ဘ၀ရောက်မည့်နေ့

မြန်မာ့ ရွေးကောက်ပွဲ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပဖွယ်ရှိကြောင်း ဂျင်မ်ဝက် ပြောကြား

6/10/2010
-----------
ထွန်းထွန်း
-----------
နအဖ စစ်အစိုးရမှ ရွှေးကောက်ပွဲအားမည်သည့် အချိန်တွင် ကျင်းပပြုလုပ်မည်ဟု မကျေညာ သေးသော်လည်း အမေရိကန် ဆီးနိတ် အမတ် မစ္စတာ ဂျင်းမ်ဝက်က ရွှေးကောက်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပဖွယ် ရှိကြောင်း ဗုဒ္ဓဟူးနေ့က ပြောသည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖေါ်ပြသည်။

သူက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို အတိုက်အခံ နိုင်ငံရေး ပါတီအား ထုတ်ပယ်ထားသော်လည်း ရွှေးကောက်ပွဲကို ထောက်ခံရန် တိုက်တွန်း ပြောကြားသည်။

မစ္စတာ ဂျင်းဝပ်သည် များမကြာမှီက သူ၏ မြန်မာပြည် ခရီးစဉ်အား မြောက်ကိုးရီးယားနှင့် မြန်မာနျူကလီးယား အရေးကိစ္စကြောင့် ဖျက်သိမ်းပြီးနောက် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် ရွှေးကောက်ပွဲကို ထောက်ခံကြရန် ဆော်သြလိုက်ခြင်း ဖြစ်သည်။

မစ္စတာ ဂျင်မ်ဝက်က မြန်မာနိုင်ငံရွှေးကောက်ပွဲကို ၁၀-၁၀-၁၀ နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သူကြားသိရသည်ဟု အာရှ လူ့အဖွဲ့အစည်းသို့ ပြောသည်။ အမေရိကန် အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လာမည့် ရွေးကောက်ပွဲမှ ထုတ်ပယ်ထားမူ အပေါ် စိတ်မကောင်းကြောင်း ဝေဖန်ပြောဆိုမူများ ထွက်ပေါ် လာပြီးနောက် အဆိုပါ အစိုးရ အဖွဲ့၏ ဒီမိုကရက်တစ်ပါတီ ဗာဂျီးနီးယား ပြည်နယ် လွှတ်တော်အမတ်က ဂျင်မ်ဝက်က ရွှေးကောက်ပွဲကို ထောက်ခံရန် ပြောဆိုခြင်း ဖြစ်သည်။

သူက ရွှေးကောက်ပွဲမှာ စစ်အစိုးရ အတွက် ရည်ရွယ် လုပ်ဆောင်ထားသော ရွှေးကောက်ပွဲ ဖြစ်သော်လည်း အတိုက်အခံများ ပါလီမန်တွင် နေရာ ရရှိလာနိုင်သဖြင့် ရှေ့သို့ တက်လာသည့် တိုးတက်မူ ဖြစ်ကြောင်း ပြောကြားသည်။
Copy from http://www.narinjara.com/